မေတ္တာပေါင်းကူတံတား


ကောင်ကွဲစေတီဟာ ကယားပြည်နယ် လွိုင်ကော်မြို့ ရဲ တောင်ပိုင်းမှာရှိပါတယ်...။
ဟို့ အရင်ကဆို တောင်ကွဲစေတီအပေါ် ချစ်သူတွေ၊ အချစ်ဆုံးတွေ မတက်ရဘူးတဲ့ ... တက်ရင်ကွဲတတ်တယ် လို့ ယုံကြည်ကြတယ် .......။
အခု တောင်ကွဲစေတီပေါ်မှာ မေတ္တာပေါင်းကူး တံတားဆက် လိုက်ပြီဆိုတော
ချစ်သူတွေ၊ အချစ်ဆုံး လူတွေ စိတ်ချ လက်ချ အတူတူသွားလို့ ရပြီ..........
ချစ်သူတွေ၊ အချစ်ဆုံးလူတွေတက်ခဲ့မယ်ဆိုရင် မကွဲကွာချင်ဘူးဆိုရင် မေတ္တာပေါင်းကူးတံတားကိုဖြတ်ခဲ့ဖို့မမေ့နဲ့နော်
လွိုင်ကော်ကိုရောက်ခဲ့ရင် လည်း တောင်လာတက်ဖို့ မမေ့နဲ့ နော်........။

တောင်ကွဲရဲ့အကြောင်းတစေ့တစောင်း



ကယားပြည်နယ်ရဲ ကျက်သရေဆောင် ကိုးစိတ်ကိုးမွှာ ကွဲနေပြီး ကျောက်ဆောင်တောင်ထွဋ် ကိုးခုရှိသော သီရိမင်္ဂလာတောင်ဟာ ကယားပြည်၊ လွိုင်ကော်မြို့  ရဲ တောင်အရပ်မှာ ရှိတယ်။ ရှေးယခင်က မင်္ဂလာတောင်တော် လို လည်းခေါ်ဆိုခဲ့ကြတယ်။ ကယားဘာသာဖြင့် `ဆိုပေါ်ဖဲ´၊ မြန်မာဘာသာဖြင့် `တောင်ကွဲ´၊ ဟုတွင်တယ်။ တောင်တော်မြတ်သည် အမြင့် ၃၈၇ ပေ လောက် ရှိတယ်။
ကိုးစိတ်ကိုးမွှာ ကွဲနေသော ကျောက်ဆောင်တောင်ထွဋ်တိုင်းမှာ စေတီတော် တစ်ဆူစီ တည်ထားတယ်။
ပြည်လုံးချမ်းသာ စေတီတော်၊ ရွှေယပ်တောင် စေတီတော်၊ ရွှေရင်အေး စေတီတော်၊ ကျောက်သမ္ဗာန် စေတီတော်၊ အောင်တော်မူ စေတီတော်၊ ဆုတောင်းပြည့် စေတီတော်၊ အောက်ကျိုက်ထီးရိုး စေတီတော်မြတ်၊ အထက်ကျိုက်ထီးရိုး စေတီတောမြတ် နှင့် ရွှေပြည်အေး စေတီတော်မြတ် တို့ ဖြစ်တယ် ။

တောင်ကွဲစေတီပေါ်မှ တွင်းကလေးများ



လွိုင်ကော်မြို့ တောင်ကွဲစေတီပေါ်မှ တွင်းကလေးများ

ကိုးစိတ်ကိုးမွာကွဲနေသောတောင်ကွဲ





တောင်ကွဲစေတီ





ကယန်းသီချင်းလေးနားဆင်ကြည့်ပါလား

ကယန်းလေးမျိုး

လောပီတရေအားလျှက်စစ်စက်ရူံ



ကယားပြည်နယ်တွင်ရှိသော ရေအားလျှပ်စစ်စက်ရုံ

လောပီတ





လောပိတရေအားလျှပ်စစ်စက်ရုံပုံလေးတွေပါ

ထီးပွင့်ကန်





ကယားပြည်နယ်၊ ဒီမောဆိုမြို့မှာရှိပြီး လူသိများတဲ့အထင်ကရနေရာလေးတခုပါ
ရေကန်လေးထဲမှ ရေပွက်လေးများပန်းပွင့်လေးတဖွယ်
သဘာဝကျကျ ပွင့်နေတဲ့ ထူးခြားတဲ့ကန်လေးပါ

လွိုင်ကော်မြို့အ၀င်





လွိုင်ကော်မြို့မှဖိတ်ခေါ်နေ

ယဉ်ကျေးမူဗိမာန်လေး