
ကယားပြည်နယ်ရဲ ကျက်သရေဆောင် ကိုးစိတ်ကိုးမွှာ ကွဲနေပြီး ကျောက်ဆောင်တောင်ထွဋ် ကိုးခုရှိသော သီရိမင်္ဂလာတောင်ဟာ ကယားပြည်၊ လွိုင်ကော်မြို့  ရဲ တောင်အရပ်မှာ ရှိတယ်။ ရှေးယခင်က မင်္ဂလာတောင်တော် လို လည်းခေါ်ဆိုခဲ့ကြတယ်။ ကယားဘာသာဖြင့် `ဆိုပေါ်ဖဲ´၊ မြန်မာဘာသာဖြင့် `တောင်ကွဲ´၊ ဟုတွင်တယ်။ တောင်တော်မြတ်သည် အမြင့် ၃၈၇ ပေ လောက် ရှိတယ်။
ကိုးစိတ်ကိုးမွှာ ကွဲနေသော ကျောက်ဆောင်တောင်ထွဋ်တိုင်းမှာ စေတီတော် တစ်ဆူစီ တည်ထားတယ်။
ပြည်လုံးချမ်းသာ စေတီတော်၊ ရွှေယပ်တောင် စေတီတော်၊ ရွှေရင်အေး စေတီတော်၊ ကျောက်သမ္ဗာန် စေတီတော်၊ အောင်တော်မူ စေတီတော်၊ ဆုတောင်းပြည့် စေတီတော်၊ အောက်ကျိုက်ထီးရိုး စေတီတော်မြတ်၊ အထက်ကျိုက်ထီးရိုး စေတီတောမြတ် နှင့် ရွှေပြည်အေး စေတီတော်မြတ် တို့ ဖြစ်တယ် ။